25 C
Yangon

မြိုင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ပျူစောထီး စခန်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြား

Must read

မြိုင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ပျူစောထီး စခန်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ မေ ၂၈

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ပျူစောထီး စခန်းတို့ကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

မေလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့နယ်၊ ကံနီပျူစောထီးရွာမှ စစ်သားနှင့် ပျူစောထီးများသည် ကံနီရွာနှင့် ရွေလင်းဆွဲရွာ လမ်းဟောင်းကို ပြုပြင်ရန် အင်အား ၆၀ ခန့်ဖြင့် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက Rocket ၃၅ လုံးဖြင့် ပစ်ခတ်ပြီး ဒရုန်းဖြင့် အီနာဂါများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး ဒရုန်း ထောက်လှမ်းမှုဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် တိုက်ခိုက်ခံရပြီးနောက် ကံနီပျူစောထီးရွာထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ နှင့် ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မေလ ၂၄ ရက်နေ့ကလည်း မြိုင်မြို့နယ် ဝက်ပုတ်ပျူစောထီးရွာကို အီနာဂါ ဗုံးသီးများ၊ Rocket များဖြင့် တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း စစ်သားနှင့် ပျူစောထီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မြိုင် စက်မှုတွင် ဆေးကုသမှု ခံယူနေကြောင်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article