25 C
Yangon

တန့်ဆည်မြို့နယ်ရှိ ကျေးရွာ ၂ ရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မုံရွာမြို့မှ ကြေးနီ တင်ဆောင်လာသော တွဲကား ၆ စီးကို မိုင်းဆွဲ တိုက်ခိုက်

Must read

တန့်ဆည်မြို့နယ်ရှိ ကျေးရွာ ၂ ရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မုံရွာမြို့မှ ကြေးနီ တင်ဆောင်လာသော တွဲကား ၆ စီးကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၃၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကျေးရွာ ၂ ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း-၁၄ (YEU PDF) တပ်ဖွဲ့ထံမှ သိရသည်။

မေလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တန့်ဆည်မြို့နယ်၊ အက်တောရွာနှင့် သဲကုန်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သာများကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF မှ Fixed-Wing Drone ၄ စီးဖြင့် ဗုံးသီး ၁၀ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချထားသော ဘန်ကာများအနီးတွင် ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို စုံစမ်းဆဲဖြစ်ကြောင်း၊ ဗုံးသီးများကျရောက် ပေါက်ကွဲပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆို တိုက်ခိုက်မှုသည် ဒီပဲယင်းမြို့နယ်၊ ကြည်ရွာ အရေးအခင်း ၂၁ နှစ်ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း-၁၄ (YEU PDF) တပ်ဖွဲ့က ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ကြေးနီ တင်ဆောင်လာသော တွဲကား ၆ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့ထံမှ သိရသည်။

မေလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ကျော်ခန့်တွင် မုံရွာမြို့မှ ကြေးနီများ တင်ဆောင်လာသော တွဲကား ၆ စီးကို Area 71 PDF Monywa အဖွဲ့၏ မိုင်းတပ်သားသစ်များက မုံရွာ-ချောင်းဦး ကားလမ်းပိုင်း တစ်နေရာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ ကင်းပုန်းများကြားမှ ပါဆယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ ဒုတိယမြောက် ကြေးနီကားကို ထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article