25 C
Yangon

ပုသိမ်ကြီးမြို့နယ်၊ စိုက်ပျိုးရေး နည်းပညာ တက္ကသိုလ် ဂိတ်ပေါက်စောင့် စစ်သားများ ဆိုင်ကယ်ဖြင့် ဈေးဝယ် ထွက်လာစဉ် ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး

Must read

ပုသိမ်ကြီးမြို့နယ်၊ စိုက်ပျိုးရေး နည်းပညာ တက္ကသိုလ် ဂိတ်ပေါက်စောင့် စစ်သားများ ဆိုင်ကယ်ဖြင့် ဈေးဝယ် ထွက်လာစဉ် ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၇

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ စိုက်ပျိုးရေး နည်းပညာ တက္ကသိုလ် ဂိတ်ပေါက်စောင့် စစ်သားများ ဆိုင်ကယ်ဖြင့် ဈေးဝယ် ထွက်လာစဉ် ပစ်ခတ်ခံ တိုက်ခိုက်ရာ ၁ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ဘက်တော်သား ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ စိုက်ပျိုးရေး နည်းပညာ တက္ကသိုလ် ဂိတ်ပေါက်စောင့် စစ်သားများ ဈေးဝယ်ထွက်လာစဉ် ပြည်သူ့ဘက်တော်သား ပြောက်ကျားတပ်ဖွဲ့၏ မြို့ ပြစစ်ဆင်ရေး စိန်ပန်းစစ်ကြောင်းမှ ရဲဘော်များက ရေထွက်ကျေးရွာအနီးတွင် ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်များ၏ လက်နက်ငယ်များ Error ဖြစ်သွားသည့်အတွက် တပ်မ ၃၃ ယူနီဖောင်း ဝတ်ဆင်ထားသော စစ်သား ၁ ဦးသာ သေဆုံးခဲ့ပြီး ကျန်စစ်ကောင်စီ တပ်သားများ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။

“အဲ တိုက်ခိုက်မှုမှာ စိုက်ပျိုးရေး တက္ကသိုလ် အစောင့် တပ်မ ၃၃ တံဆိပ်နဲ့ စစ်သား ၁ ကောင်သေတယ်။ ဆိုင်ကယ် ၁ စီး အရပ်ဝတ် ၂ ကောင်နဲ့ G3 သေနတ် လွယ်ထားတဲ့ ယူနီဖောင်းဝတ် ၁ ကောင်ပေါ့ လိုက်ပါလာတာ ယူနီဖောင်း ဝတ်ထားတဲ့ ကောင်က လည်ပင်းကို သေနတ်ကျည် မှန်ပြီး သေတာ အရပ်ဝတ် ၂ ကောင်ကတော့ တန်းပြေးတာ သေနတ် Error ဖြစ်သွားလို့ လွတ်သွားတာ” ဟု ပြည်သူ့ဘက်တော်သား ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦး ကိုင်ဆောင်ထားသည့် သေနတ်ကို တော်လှန်ရေး ရဲဘော်များက ကောက်ယူရန် ကြိုးစားခဲ့သော်လည်း ပတ်ကင်းကားများ ရောက်ရှိလာသည့်အတွက် ပစ္စည်းတချို့သာ သိမ်းဆည်းရမိခဲ့ပြီး ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ ထောက်တိုင်များအနေဖြင့် မည်သည့်နေရာတွင်မဆို မလုံခြုံမှုမရှိသည်ကို ခံစားနေကြရပြီဖြစ်ပြီး ပြည်သူ့ဘက်ကို ခိုလှုံကြရန် တိုက်တွန်းလိုကြောင်း၊ မြို့ပြစစ်ဆင်ရေးကို အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ပြည်သူများ၏ ပံ့ပိုးကူညီမှုများ လိုအပ်လျက်ရှိကြောင်း ပြည်သူ့ဘက်တော်သား ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article