25 C
Yangon

ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးဗျူဟာကုန်းစခန်း အပါအဝင် တပ်စခန်း ၅ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းဆီးရမိကာ လက်နက်အမြောက်အများ သိမ်းဆည်းရရှိ

Must read

ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးဗျူဟာကုန်းစခန်း အပါအဝင် တပ်စခန်း ၅ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းဆီးရမိကာ လက်နက်အမြောက်အများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၁၁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးဗျူဟာကုန်းစခန်း အပါအဝင် တပ်စခန်း ၅ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းဆီးရမိကာ လက်နက်အမြောက်အများ သိမ်းဆည်းရရှိထားကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဆဒုံးဗျူဟာကုန်းစခန်းကို KIA က တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး ဝိုင်းမော်-ကမ်ပိုင်တီး လမ်းပိုင်း တစ်လျှောက်တွင် အကြမ်းဖက် စစ်တပ်စခန်းများ ကင်းစင်သွားပြီဖြစ်ကြောင်း၊ လက်ရှိချိန်တွင် KIA က ဆက်လက် တိုက်ခိုက် သိမ်းပိုက်ရန် ကမ်ပိုင်တီမြို့ စခန်းတစ်ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။

KIA တိုက်ခိုက်သိမ်းပိုက် လိုက်သော တပ်စခန်း ၅ ခုမှာ ဆဒုံးဗျူဟာကုန်းစခန်း ၊ ဘွမ်တောင် ပြည်သူ့စစ်စခန်း ၊ လဖိုင် ပြည်သူ့စစ်စခန်း ၊ ၁၃ မိုင် စုပေါင်း ဂိတ်စခန်းနှင့် အင်ဝမ့်ယန် BGF စခန်း တို့ဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ ၅ နာရီမှာ ဆဒုံးဗျူဟာကုန်းစခန်းကို သိမ်းပိုက်လိုက်ပြီ စုစုပေါင်း စခန်း ၅ ခု ကို ဒီနေ့သိမ်းပိုက်ရရှိပါပြီ။ ဝိုင်းမော်-ကမ်ပိုင်တီးလမ်း တစ်လျှောက် စစ်ခွေးစခန်း ကင်းစင်သွားပါပြီ ကမ်ပိုင်တီမြို့ စခန်းတစ်ခုဘဲ ကျန်တော့တယ်။ ဒီနေ့ဖမ်းဆီးရမိတဲ့ စစ်သား၊ BGFနဲ့ ပြည်သူ့စစ် သုံ့ပန်း ၃၀ ကျော်တယ်။ လက်နက်တွေတော့ အများကြီးပဲ” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article