26 C
Yangon

ဆီဆိုင်မြို့နယ်၊ ထီးဗွာရွာမှ ပြည်သူ ၅၉ ဦးကို စစ်တပ်နှင့် PNO အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးထား

Must read

ဆီဆိုင်မြို့နယ်၊ ထီးဗွာရွာမှ ပြည်သူ ၅၉ ဦးကို စစ်တပ်နှင့် PNO အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးထား

ရန်ကုန်၊ ဇွန် ၁၂

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ ထီးဗွာရွာမှ ပြည်သူ ၅၉ ဦးကို အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း PNLA ထံမှသိရသည်။

ဇွန်လ ၁၀ ရက်နေ့တွင် ထီးဗွာ(ရေဖြူ)ရွာမှ တောတောင်ထဲတွင် စစ်ဘေး တိမ်ရှောင်နေသည့် ဒေသ ပြည်သူများကို နေရပ် ပြန်လာခြင်းမရှိပါက နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက် အကြပ်ကိုင်ခြင်းကြောင့် ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်လာသည့် ပြည်၅၉ ဦးကို အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က ကျေးရွာခန်းမတွင် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပြည်သူများကို အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က လက်ရှိချိန်ထိ ဖမ်းဆီးထားပြီး ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း၊ ဖမ်းဆီးခံရသည့်သူများအနက် ထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်ပြီး အသက် ၄၀ နှင့်အထက် ပြည်သူ အများစု ပါဝင်ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က ဆီဆိုင်မြို့နယ်အတွင်းရှိ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်း ၊ ပြန်ပေးဆွဲ ငွေညှစ်ခြင်းများ မကြာခဏ ကျူးလွန်နေလျက်ရှိကြောင်း PNLA က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article