30 C
Yangon

ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူညီချက်ကို စစ်ကောင်စီက ချိုးဖောက်ပြီး သီပေါ-နမ္မတူလမ်းကို မြေတူးစက်များဖြင့် ဖျက်ဆီး

Must read

ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူညီချက်ကို စစ်ကောင်စီက ချိုးဖောက်ပြီး သီပေါ-နမ္မတူလမ်းကို မြေတူးစက်များဖြင့် ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၂

အကြမ်းဖက်စစ်ကောင်စီက ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး သီပေါ-နမ္မတူလမ်းကို မြေတူးစက်များဖြင့် ဖျက်ဆီးလိုက်ကြောင်း TNLA က ပြောဆို သတင်းထုတ်ပြန်သည်။

သီပေါမြို့နယ် မိုးတေရွာရှိ သီပေါ – နမ္မတူ လမ်းမကို စစ်ကောင်စီက လမ်းမအားမြောင်းဖောက်ကာ ယာဉ်များသွားလာမရစေရန် ပြုလုပ်နေကြောင်း၊ သီပေါမြို့နယ် ကွန်စံလိတ်ရွာအထက် သီပေါ-နမ္မတူလမ်းကို မြောင်းတူးဖျက်ဆီးခြင်း ဖြစ်ကြောင်း၊ TNLA အုပ်ချုပ်သည့် နမ့်ဆန်နှင့် နမ္မတူမြို့တို့တွင် ကုန်စည်စီးဆင်းမှုနှင့် အများပြည်သူသွားလာမှုကို ကန့်သတ်ပိတ်ပင်တားဖြစ်ကြောင်း TNLA က ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း နောင်ချို ၊ မိုးမိတ်စသည့်မြို့နယ်များတွင် နေ့စဉ် လက် နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့်အပြင် ယခုကဲ့သို့ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ပင်ရန်ကြိုးစားသည်မှာ ဟိုင်ဂင်သဘော တူ စာချုပ်ချိုးဖောက်ပြီးပြဿနာဖြစ်စေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း TNLA က ထုတ်ပြန် ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article