25 C
Yangon

ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုရှိ

Must read

ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇွန် ၁၄

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုရှိကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဒီပဲယင်းမြို့တွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ထွေအုပ်ရုံး၊ ဇွဲ (စားသောက်ဆိုင်) နှင့် အထက ၁ စာသင်ကျောင်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုသည် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်မှ နံနက် ၉ နာရီ ၃၀ မိနစ်အထိ ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ထိခိုက်သေဆုံးသူ များပြားနိုင်ပြီး အတိအကျ စာရင်းရဖို့ ဆက်လက် စုံစမ်းနေဆဲပါ။ ထိခိုက် သေဆုံးမှုများပြားနိုင်တယ်။ သူတို့ရှိရာ နေရာတွေကို ထိထိရောက်ရောက် ကျတဲ့အတွက် သေဆုံးမှုများနိုင်ပါတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် မတစ်ထောင်တစ်ကောင်ဘွား Drone တပ်ဖွဲ့ ၊ ဝံပုလွေ Drone တပ်ဖွဲ့နှင့် မဟူရာ ကျွဲရိုင်းDrone တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article