31 C
Yangon

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း ၁၇ နှစ်ပြည့် အခမ်းအနား ကျင်းပ

Must read

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း ၁၇ နှစ်ပြည့် အခမ်းအနား ကျင်းပ

ရန်ကုန်၊ ဇွန် ၁၅

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA ) တပ်ဖွဲ့ တည်ထောင်ခြင်း ၁၇ နှစ်ပြည့် အခမ်းအနားကို ဇွန်လ ၁၀ ရက်နေ့တွင် တပ်ဖွဲ့အသီးသီးမှ မြေပြင်အသီးသီးတွင် အကျဉ်းချုပ် ကျင်းပခဲ့ကြောင်း သိရှိရသည်။

တပ်ဖွဲ့တည်ထောင်ခြင်း ၁၇ နှစ်ပြည့် အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအလံတော် ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်အလံတော် ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်အလံတော်များအား အလေးပြုခြင်း တပ်ဖွဲ့တာဝန်ရှိသူများက ခွန်အားပေးစကားပြောကြားခြင်း စသည့်အစီအစဉ်များဖြင့် ပြုလုပ်ခဲ့ကာ တော်လှန်ရေးကာလအတွင်း ကျဆုံးလေပြီးသည့် သူရဲကောင်းအာဇာနည်များကိုလည်း အလေးအနက်ထားပြီး ဂုဏ်ပြု ချီးမွမ်း အလေးပြုခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article