31 C
Yangon

စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျွန်းလှ အနောက်ခြမ်း အထက်တန်းစာသင်ကျောင်း အဆောက် အဦး ပျက်စီးပြီး လူထိခိုက်မှုမရှိ

Must read

စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျွန်းလှ အနောက်ခြမ်း အထက်တန်းစာသင်ကျောင်း အဆောက် အဦး ပျက်စီးပြီး လူထိခိုက်မှုမရှိ

ရန်ကုန်၊ ဇွန်၁၅

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျွန်းလှ အနောက်ခြမ်း အထက်တန်းစာသင်ကျောင်း အဆောက်အဦး ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်အချိန် စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်၊ အနောက်ခြမ်းရှိ အိမ်ခြေ ၃၅၀ ကျော်ရှိသော ရွာကုန်းကြီးရွာ အခြေခံပညာ အထက်တန်း စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်သွားခဲ့ကြောင်း၊ မြေပြင်တွင် တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ စာသင်ကျောင်းကို ဗုံးကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိဘူး။ အကြောင်းမဲ့ကို လာပစ်တာ။ ပစ်တာကလည်း လေယာဉ် ၂ စီးနဲ့ ပစ်တာ။စာ သင်ကျောင်းနဲ့ ပြည်သူတွေ နေတဲ့ အိမ်တွေနဲ့က အတော်အသင့် ဝေးလို့ လူထိခိုက်မှုတော့ မရှိခဲ့ဘူး။ ဝက်၂ကောင် တော့ သေတယ်။စာသင်ကျောင်း မျက်နှာကျက်တွေ ပျက်စီးတယ်။ လူနေအိမ် ၂ လုံးပျက်စီးတယ်။ကျန်တာကတော့ ဘာထိခိုက်မှုမှမရှိဘူး” ဟု ရွာကုန်းကြီးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဇွန်လ ၁၃ ရက်နေ့ကကလည်း ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲခဲ့သဖြင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article