28 C
Yangon

ယခုနှစ် အောက်တိုဘာလတွင် လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူပြီး ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြောဆိုပြန်

Must read

ယခုနှစ် အောက်တိုဘာလတွင် လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူပြီး ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြောဆိုပြန်

ရန်ကုန်၊ ဇွန် ၁၆

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုနှစ်အောက်တိုဘာလအတွင်း လူဦးရေနှင့် သန်းခေါင် စာရင်း ကောက်ယူပြီး လာမည့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ယမန်နေ့ မန္တလေးတိုင်း ၊မိတ္ထီလာရှိ ကန်တော်မင်္ဂလာခန်းမတွင် စစ်ကောင်စီဝန်ထမ်းများနှင့် တွေ့ဆုံစဉ် အကြမ်းဖက်မင်းအောင်လှိုင်က အထက်ပါတိုင်း ပြော ဆိုသွားခြင်းဖြစ်သည်။

“ လာမည့် အောက်တိုဘာလအတွင်း လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လာမည့်နှစ်အတွင်း လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း” အကြမ်းဖက်စစ်ခေါင်းဆောင်က ထုတ် ဖော်ပြောဆိုသည်။

တစ်ပြည်လုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပမည်ဟု အမြဲကြွေး ကြော်နေသော မင်းအောင်လှိုင်မှာ တိုင်းပြည်အတွင်း နယ်မြေအများစု ဆုံးရှုံးချိန်တွင် ရွေးကောက်ပွဲကို ကျင်းပ၍ ရသည့်နေရာများတွင် ကျင်းပ လုပ်ဆောင်သွားမည်ဟု စကားကို ပြန်ပြောင်းပြောဆိုခဲ့သည်။

ရွေးကောက်ပွဲကျင်းပရာတွင် ယခင်ရွေးကောက်ပွဲများကဲ့သို့ နိုင်သူ အကုန်ယူ စနစ်မဟုတ်တော့ဘဲ အချိုးကျ ကိုယ်စားပြု PR စနစ်နှင့် နိုင်သူ အကုန်ယူစနစ် ၂ ခုစလုံးကို ကျင့်သုံးမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအားလုံးကို ပြန်လည်မှတ်ပုံတင်ခိုင်းထားပြီး NLD ပါတီ၊ SNLD ပါတီ အပါအဝင် ပြည်သူလူထု ထောက်ခံမှု အများဆုံးရှိသော နိုင်ငံရေးပါတီများမှာ စစ်ကောင်စီလက်အောက်တွင် ပြန်လည် မှတ်ပုံတင်ခြင်းမရှိပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article