27 C
Yangon

ပခုက္ကူ -ကမ္မ လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့သော နေရာကို PDF တပ်ဖွဲ့က နယ်မြေ ရှင်းလင်းရေးပြုလုပ်စဉ် ခဲယမ်းနှင့် အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိ

Must read

ပခုက္ကူ -ကမ္မ လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့သော နေရာကို PDF တပ်ဖွဲ့က နယ်မြေ ရှင်းလင်းရေးပြုလုပ်စဉ် ခဲယမ်းနှင့် အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၁၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူ -ကမ္မလမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့သော နေရာကို PDF တပ်ဖွဲ့က နယ်မြေ ရှင်းလင်းရေးပြုလုပ်စဉ် ခဲယမ်းနှင့် အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော အကြမ်းဖက် စစ်သား ၁၅၀ ခန့်နှင့် ယာဉ် ၁၃ စီးပါ စစ်ကြောင်းကို ပခုက္ကူနှင့် ကမ္မလမ်းပိုင်းတွင် Drone ဖြင့် ဗုံးသီး အလုံး ၅၀ ခန့် ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး အပါအဝင် စစ်သား၊ ရဲ၊ ပျူစော ထီး ၁၀ ဦးခန့်သေဆုံးပြီး ၂၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ကြောင့် အထိနာသော အကြမ်းဖက်စစ် ကြောင်းက လေကြောင်း ပစ်ကူတောင်းခဲ့ရာ ဇွန်လ ၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် ကံမြင့် ကုန်းကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့သည့် နေရာကို ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင် မြိုင် ပကဖတပ်ဖွဲ့က နယ်မြေ ရှင်းလင်းစဉ် အကြမ်းဖက် စစ်သားများကျန်ရှိခဲ့သည့် 9 mm ကျည် ၂၁၅ တောင့်၊ G–3 ကျည် ၇၁ တောင့်၊ 40 mm ကျည် ၁ ဖူး၊ Uzi ကျည်ဘောက် ၃ ဘောက်၊ အတိုဘောက် ၁ ဘောက်၊ လက်ပစ် ၂ လုံး၊ လက်ထိပ် ၁ ခုနှင့်အတူ အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြိုင် ပကဖ၊ Black cobra force (ကမ္မတပ်ပေါင်းစု)၊ PKU Thurain၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Pakokku People Defense Force (PPDF)၊ Myaing Air Fighter၊ The Red Revoliters၊ DMG (ဓားမင်းကြီး)၊ Kamma Defense Force (KMDF)၊ ပခုက္ကူခရိုင်တပ်ရင်း ၁၃ နှင့် ဘာမထီပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article