27 C
Yangon

မလေးရှားနိုင်ငံ NLD-LA-Malaysia ရုံးတွင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အခမ်းအနား ကျင်းပ

Must read

မလေးရှားနိုင်ငံ NLD-LA-Malaysia ရုံးတွင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အခမ်းအနား ကျင်းပ

ရန်ကုန်၊ ဇွန် ၁၇

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ NLD-LA-Malaysia ရုံးတွင် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၇၉ နှစ်ပြည့် မွေးနေ့အကြိုအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ တော်လှန်ရေး အသင်းအဖွဲ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်အချို့နှင့် မလေးရှားရောက် တော်လှန်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေးအတွက် နှင်းဆီပန်းများနှင့် ပန်းသပိတ် ပြုလုပ်ခဲ့ပြီး နိုင်ငံတော်အလံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံနှင့် တော်လှန်ရေး တပ်ဦး PDF အလံတော်တို့အား အလေးပြုခြင်း ၊ တက်ရောက်လာသော တော်လှန်ရေး အသင်းအဖွဲ့ခေါင်းဆောင်များက တော်လှန်ရေး အားပေးစကားပြောကြားခြင်း ၊ကြွရောက်လာသော ဆရာတော်များထံမှ တရားနာ ဩဝါဒခံယူခြင်း မွေးနေ့ကိတ်ခွဲခြင်း ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article