27 C
Yangon

အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်းဝန်းကျင်တွင် စျေးတန်းရှိနေ

Must read

အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်းဝန်းကျင်တွင် စျေးတန်းရှိနေ

ရန်ကုန်၊ ဇွန် ၁၇

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်းဝန်းကျင်တွင် စျေးတန်းရှိနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဖိအားပေးမှုကြောင့် ရွှေဆိုင်များ၏ အခေါက်ရွှေစျေးကွက်နှင့် မီးလင်းရွှေအရောင်း အဝယ် စျေးကွက်မှာ ပျက်စီးနေကြောင်း၊ အထူးသဖြင့် အခေါက်ရွှေတုံးဝယ်ယူထားသူများသည် ငွေလိုချိန်တွင် ရောင်းချရန် ခက်ခဲသဖြင့် ပြင်ပတွင် အနည်းငယ် စျေးလျှော့၍ ရောင်းချကြကြောင်း၊ ငွေကြေးတတ်နိုင်သော ရွှေကုန်သည်တချို့က ပြင်ပစျေးကွက် ပြန်လည် ဖွင့်လှစ်၍ အဝယ်တော်များဖြင့် အခေါက်ရွှေများ ပြင်ပစျေးကွက်တွင် ပြန်လည် ဝယ်ယူနေကြကြောင်း သိရှိရသည်။

“ရွှေကုန်သည်တချို့က တိုက်ရိုက်မလုပ်ဘူး။ အဝယ်တော်တွေကတစ်ဆင့် မီးလင်းရွှေတစ်ကျပ်သားကို ၅၄ သိန်းကျော်လောက်နဲ့ ရွှေပြန်ကောက်တယ်။ ရွှေပြန်စုတာပေါ့။ စစ်ကောင်စီရဲ့ သတ်မှတ်စျေး အခေါက်ရွှေတစ်ကျပ်သား ၄၆ သိန်းနဲ့ကတော့ အလုပ်လည်းမဖြစ်ဘူး။ အလုပ်လည်း မလုပ်ကြဘူး” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။

အမေရိကန်ဒေါ်လာမှာလည်း တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်နှင့် ၄၅၀၀ ကျပ်အကြား အနည်းငယ် အတက်အကျ ဖြင့် စျေးတန်းပေါက်နေကြောင်း၊ ပြင်ပစျေးကွက်တွင် အမေရိကန်ဒေါ်လာ အရွက်ကို လိုက်လံဝယ်ယူစုဆောင်း သူများ ပြန်လည် ထွက်ပေါ်လာနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article