27 C
Yangon

ကျွန်းလှမြို့နယ်တွင် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး ကျေးရွာများကို စီးနင်းနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ကျွန်းလှမြို့နယ်တွင် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး ကျေးရွာများကို စီးနင်းနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၁၇

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး ကျေးရွာများကို စီးနင်းနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်မှ စ၍ ကျွန်းလှမြို့နယ်၊ အင်တိုင်းရွာကို ရွှေပေါ်ကုန်းမှ ထွက်လာသော စစ်သားနှင့် ပျူစောထီးများ ပူးပေါင်းထားသော အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းက ဝင်ရောက် စီးနင်းလျက်ရှိကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ဒရုန်းများလည်း ယူဆောင်လာပြီး အနီးအနားရှိ ကျေးရွာများကို ထောက်လှမ်းမှုများ လုပ်ဆောင်နေခြင်းကြောင့် သဖန်းဆိပ်ဆည်အနီးရှိ အင်တိုင်းရွာ၊ ကျွဲတဲရွာ၊ အင်လှရွာနှင့် မြနှစ်ရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးတွေ ရွာကို ဝင်ရောက် စီးနင်းထားတဲ့ လက်ရှိ ရွာထဲက အခြေအနေတွေ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေ ဖမ်းခံရတာ ရှိမရှိလည်း မသိရသေးဘူး။ ဆက်လက်စောင့်ကြည့်နေတုန်းပဲ ရွာ ၄ ရွာကျော်က ပြည်သူတွေတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Photo – ကန့်လဘူခရိုင်ရှိ ကျေးရွာများကို စစ်တပ် စစ်ကြောင်းဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article