27 C
Yangon

ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရ

Must read

ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၇

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို ထံမှ သိရသည်။

ဇွန်လ ၁၃ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်ခန့် နှင့် ၁၀ နာရီ ၃၆ မိနစ်ခန့်တွင် ရွှေကျင်မြို့ နယ်အတွင်း ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ၁၂၀ မမ နှင့် ၁၅၅ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ စပ်စုကျေးရွာ နှင့် ညောင်အိုင်ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရှိရသည်။

ဇွန်လ ၁၄ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် ညောင်လေးပင်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ရေဖြူကန်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၈၆ နှစ်အရွယ် ဒေါ်သောင်းရင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၆ နာရီ ၂၉ မိနစ်ခန့်တွင် ခလရ-၂၆၄ တပ်ရင်းက ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ထမင်းရုံကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃၄ နှစ်အရွယ် နော်သူဇာခိုင် သေဆုံးပြီး နွား ၁ ကောင် သေဆုံးခဲ့ ရကြောင်း၊ ယင်းနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ခလရ-၂၀၄ တပ်ရင်းက ၁၅၅ မမ လက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ရာ ညောင်အိုင်ကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် (ရွှေကျင်ဗျူဟာ) က ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ကျောက်တန်းကျေးရွာတွင် ကျရောက် ပေါက်ကွဲ ခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၂ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ကဇင်းပင်ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ကဇင်းပင်ကျေးရွာ အတွင်း နေထိုင်သော အသက် ၄၉ နှစ် အရွယ် ကိုဘိုရဲ သေဆုံးခဲ့ပြီး အသက် ၆၂ နှစ်အရွယ် ဒေါ်ခင်အေး၊ အသက် ၄၆ နှစ် အရွယ် မောင်ငွေစိုး၊ အသက် ၂၇နှစ်အရွယ် နော်ထူးဝါးဖော၊ အသက် ၃၀ နှစ်အရွယ် မချယ်ရီတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article