ရန်ကုန်မြို့ပေါ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ တော်လှန်လူငယ်များက ပြောက်ကျား သပိတ် ပြုလုပ်
ရန်ကုန်၊ ဇွန် ၁၈
ရန်ကုန်မြို့ပေါ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ တော်လှန်လူငယ်များ ဦးဆောင်၍ ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် ပြောက်ကျား သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြောက်ကျား သပိတ်ကို “တိုက်ရင်းသေးမလား ငတ်ရင်းသေမလား” ၊ “ဆီတစ်ပိဿာ တစ်သောင်းကျပ် မင်းအောင်လှိုင် ခေါင်းကိုဖြတ်” စာတန်းကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
“စီးပွားရေးပျက်ကပ်ကို ငွေရိုက်ထုတ်ပြီး ဖြေရှင်း စစ်ပွဲရဲ့ အရှုံးကို စစ်မှုထမ်း စနစ်နဲ့ စစ်သား ရိုက်ထုတ် ပြီး ဖြေရှင်းနေတဲ့ စစ်အုပ်စုကြောင့် လူထု ရဲ့ ဘဝတွေဟာ စုတ်ပြတ်သပ်နေမှုကို ဆက်ပြီး သည်းခံနေရမယ့် အချိန်မဟုတ် လူထုရဲ့ ဒေါသသံတွေကို ကြွေးကြော်သံ၊ ရုန်းကန်သံတွေအဖြစ် ပြောင်းလဲတိုက်ပွဲဝင်ကြရမယ့် အချိန် ဖြစ်ပါတယ်” ဟု စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ တော်လှန်လူငယ်တစ်ဦးက ပြောဆိုသည်။