28 C
Yangon

စစ်ကောင်စီက စားအုန်းဆီ လုပ်ငန်းရှင်များကို အရေးပေါ် အစည်းအဝေးခေါ်ယူ

Must read

စစ်ကောင်စီက စားအုန်းဆီ လုပ်ငန်းရှင်များကို အရေးပေါ် အစည်းအဝေးခေါ်ယူ

ရန်ကုန်၊ ဇွန် ၂၂

အကြမ်းဖက်စစ်ကောင်စီက စျေးကွက်တွင် စားအုန်းဆီစျေးနှုန်းများ အဆ မတန် မြင့်တက်နေချိန်တွင် စားအုန်းဆီလုပ်ငန်းရှင်များအားလုံးကို အရေးပေါ် အစည်းအဝေး ခေါ်ယူထားကြောင်း ဆီလုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အရေးပေါ် အစည်းအဝေးကို ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရုံးတွင် ခေါ်ယူထားခြင်း ဖြစ်ပြီး စီးပွား/ကူးသန်း ဒုဝန်ကြီး မင်းမင်း တက်ရောက်မည်ဖြစ်ကြောင်း၊ ယနေ့ မွန်းလွဲ ၂ နာရီတွင် အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

“ဇွန်လ ၂၀ ရက်နေ့မှာ ဆန်အစည်းအဝေးကို Zoom Meeting နဲ့လုပ်သွားတယ်။ စီးပွားကူးသန်းဒုဝန်ကြီး တက်တယ်။ ဇွန်လ ၂၁ ရက်နေ့ကစပြီး ဒီနေ့အထိ ဆန်ကုန်သည်တွေ၊ ဆန်စက်တွေ၊ စပါး လုပ်ငန်းရှင်တွေ အကုန်ဖမ်းနေတယ်။ ဒီနေ့ ဇွန်လ ၂၂ ရက်နေ့မှာ စားအုန်းဆီသမားတွေကို အရေးပေါ် အစည်းအဝေးခေါ်တော့ အစည်းအဝေးပြီးရင် ဆီကုန်သည်တွေကို ဖမ်းမှာ စိုးရိမ်နေကြတယ်။ အားလုံး လန့်နေကြတယ်” ဟု ဆီလုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

လက်ရှိ စျေးကွက်တွင် စစ်ကောင်စီက စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၃၀၀ ဝန်းကျင် သတ်မှတ်ထားသော်လည်း စျေးကွက်တွင် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀၀ အထိ စျေးပေါက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article