28 C
Yangon

အကြမ်းဖက်စစ်ကောင်စီက ဆန်စျေးနှုန်းများ သတ်မှတ်ထုတ်ပြန်လိုက်ပြီး သတ်မှတ်စျေးထက် ပိုရောင်းလျှင် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်

Must read

အကြမ်းဖက်စစ်ကောင်စီက ဆန်စျေးနှုန်းများ သတ်မှတ်ထုတ်ပြန်လိုက်ပြီး သတ်မှတ်စျေးထက် ပိုရောင်းလျှင် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ ဇွန် ၂၂

အကြမ်းဖက်စစ်ကောင်စီက ပြင်စျေးကွက်ပေါက်စျေးထက် များစွာ လျော့နည်းသော ဆန်စျေးနှုန်းများ သတ်မှတ်ထုတ်ပြန်လိုက်ပြီး သတ်မှတ်စျေးထက် ပိုရောင်းလျှင် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်လိုက်ကြောင်း သိရှိရသည်။

ဇွန်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီက ဆန်ကုန်သည်များ၊ ဆန်စက်များကို အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီးနောက် ဇွန်လ ၂၁ ရက်နေ့တွင် ဆန်ကုန်သည်များ၊ ဆန်စက်များကို ဖမ်းဆီးအရေးယူခြင်းများ၊ ဆန်စက်များ၊ ဂိုဒေါင်နှင့်ပွဲရုံများကို ချိတ်ပိတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက် ဆန်စပါးစျေးနှုန်းကိုပါ သတ်မှတ်စျေးနှုန်းများ ထုတ်ပြန်လိုက်ကြောင်း၊ ယင်းသတ်မှတ်စျေးနှုန်းထက်ပိုမို၍ ရောင်းချပါက ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။

စစ်ကောင်စီက ဆန်စျေးနှုန်းများကို သတ်မှတ်ရာတွင် အနိမ့်ဆုံး ဆန်ကြမ်းစျေးနှုန်းကို ၂၄ ပြည်တစ်အိတ်လျှင် ငွေကျပ် ၇၀၀၀၀ မှ စတင်သတ်မှတ်ပြီး အမြင့်ဆုံး ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ငွေကျပ် ၁၄၅၀၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရှိရသည်။

စျေးကွက်အတွင်း ရောင်းချမည်ဆိုလျှင် ဆန်စျေးနှုန်းများသည် စစ်ကောင်စီက သတ်မှတ်ထားသော ဆန်စျေးနှုန်းထက် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသာ ကွာဟရမည်ဖြစ်ကြောင်း၊ စူပါမားကတ်များ၊ မီနီမတ်များတွင် သတ်မှတ်ဆန်စျေးနှုန်းထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်းသာ ကွာဟရမည်ဖြစ်ကြောင်း စစ်ကောင်စီက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှတစ်ဆင့် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article