29 C
Yangon

ချောင်းဦးနှင့် မြိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ချောင်းဦးနှင့် မြိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၃

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ (ဓားမဆိုင်းတပ်မတော်) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အမှတ် ၁ စစ်ဒေသ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ (ဓားမဆိုင်းတပ်မတော်) က Fixedwing Drone များဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိပြီး လက်နက်ငယ်များ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၂၀ ရက်နေ့ကလည်း မြိင်မြို့နယ်၊ သရက်ကွရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Ghost of Enemies – GOE Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ သရက်ကွရွာရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသောနေရာများကို ဒရုန်းဖြင့် ထိထိမိမိ ဗုံးကျဲ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article