31 C
Yangon

မတ္တရာမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာနှင့် FAWကားဖြင့် လိုက်ပါလာသော စစ်သားများကို တိုက်ခိုက်

Must read

မတ္တရာမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာနှင့် FAWကားဖြင့် လိုက်ပါလာသော စစ်သားများကို တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၃

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာနှင့် FAWကားဖြင့် လိုက်ပါလာသော စစ်သားများကို တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၂ ရက်နေ့တွင် မတ္တရာမြို့မှ ထွက်လာသော FAW ကား ၅ စီးဖြင့် လိုက်ပါလာသော အင်အား ၁ဝဝ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တက်သားများကို ရှင်လှကျေးရွာအနီးတွင် ပြင်ဦးလွင်ခရိုင် အမှတ် ၁ တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ မတ္တရာမြို့နယ် ပကဖ၊ တိုက်နယ် ၂ ပကဖနှင့် တိုက်နယ် ၆ ပကဖ ပူးပေါင်းအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အထိနာခဲ့ကြောင်းသိရသည်။

ထို့ပြင် ယင်းနေ့တွင် မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အင်အား ၃၅ ဦးခန့်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မတ္တရာမြို့နယ် ပကဖ က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၁၂ ရက်နေ့တွင် မတ္တရာမြို့နယ်၊ ရေနံသာကျေးရွာ ရဲစခန်းကို မတ္တရာမြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့က Fixed Wings Drone ဖြင့် ဒရုန်းဗုံးသီး ၆ လုံးချ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article