24.4 C
Yangon

နွားထိုးကြီးနှင့်မြင်းခြံမြို့နယ်အစပ်ရှိ ကျေးရွာများကို လှည့်ပတ်နေသော စစ်ကြောင်းကို မိုင်းဆွဲ ပစ် ခတ်တိုက်ခိုက်မှု စစ်သားနှင့် ရဲ ၃ ဦးသေဆုံး

Must read

နွားထိုးကြီးနှင့်မြင်းခြံမြို့နယ်အစပ်ရှိ ကျေးရွာများကို လှည့်ပတ်နေသော စစ်ကြောင်းကို မိုင်းဆွဲ ပစ် ခတ်တိုက်ခိုက်မှု စစ်သားနှင့် ရဲ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၄

မန္တလေးတိုင်း၊ နွားထိုးကြီးနှင့်မြင်းခြံမြို့နယ်အစပ်ရှိ ကျေးရွာများကို လှည့်ပတ်မီးရှို့နေသော အကြမ်း ဖက်စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း 8 Star မြင်းခြံ ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့က နွားထိုးကြီးနှင့် မြင်းခြံမြို့နယ်အစပ်ရှိ ကျေးရွာများကို လှည့်ပတ်မီးရှို့ပြီး ခိုးယူ လုယက်သတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံ အကြမ်းဖက်စစ် သားများကို နွားထိုးကြီးမြို့နယ် ခံစပ်ကုန်းကျေးရွာအရောက် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် အကြမ်းဖက်စစ်သားများ အသုံးပြုသော RPG အဖူး ၃ ဖူး၊ အီနာဂါ ၅ လုံး၊ လက်ပစ်ဗုံး fuze နှစ်ခု ၊ ၆၀ အဖူး ၁ ဖူး၊ ဖုန်း ၂ လုံး ၊ MA ကျဉ်ဘောက် ၃ ခု ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၈ ရက်နေ့ကလည်း မြင်းခြံ – နွားထိုးကြီး လမ်းပိုင်းတွင် အကြမ်းဖက်စစ်သား၊ ရဲ များ လိုက်ပါလာသော 4×4 ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရဲ တစ်ဦး နေရာမှာပင် ပွဲချင်းပြီး သေ ဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့နှင့်အတူ မဟာ မိတ်တပ်ဖွဲ့များ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ကရင်နီပြည်တွင် မိုင်းဆွဲတိုက်ခိုက်ခံထားရသော စစ်ကောင်စီ၏ စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article