လန်ဒန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နှင့် တော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲ ပြုလုပ်
ရန်ကုန်၊ ဇွန် ၂၄
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နှင့် တော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲကို ဇွန် ၂၂ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး တို့တက်ရောက်ခဲ့ကြကြောင်း၊ ထို့ပြင် ယူကေ Conservative Party မှ Mr. Paul Scully နှင့် ယူကေ NUG ကိုယ်စားလှယ်များတက်ရောက်ခဲ့ကာ မြန်မာတိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြကြောင်း သိရှိရသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်က ဗီဒီယိုမှ မွေးနေ့အမှတ်တရ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း၊ အဆိုပါ ရန်ပုံငွေဈေးရောင်းပွဲတော်မှ စတာလင်ပေါင် ၄၃၀၀၀ ကျော် ရရှိခဲ့ကြောင်း သိရှိရသည်။


