28 C
Yangon

မြိုင်မြို့နယ်၊ ကိုင်းတောမရွာတွင် ရေစက်စောင့်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

မြိုင်မြို့နယ်၊ ကိုင်းတောမရွာတွင် ရေစက်စောင့်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၅

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာတွင် ရေစက်စောင့်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ကိုင်းတောမရွာ၌ ရေစက်စောင့်နေသော စစ်သားများ ခြင်းခတ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေစဉ် ယနေ့ နံနက်ပိုင်းတွင် စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ကိုင်းတောမရွာမှာ ရေစက်စောင့်တဲ့ စစ်ခွေးကင်းကကောင်တွေ ခြင်းခတ် နေတုန်း ဒရုန်းနဲ့ ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့တာ စစ်ခွေး ၄ ကောင် ထိတယ်။ ၁ ကောင်ကတော့ ဆေးကုသနေတုန်းမှာ ဒီနေ့ နံနက်ပဲ သေပြီလို့ သိရတယ်” ဟု ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ ၊ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ ၊ ပခုက္ကူခရိုင် တပ်ရင်း ၆ ၊ တပ်ရင်း ၇ ၊ MUGDF ၊ ဇော်မိုက် BRAF နှင့် ဝံပုလွေ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article