27 C
Yangon

မြင်းမူမြို့နယ်တွင် ကြေးနီကား ယာဉ်တန်းကို လုံခြုံရေး ယူပေးနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

Must read

မြင်းမူမြို့နယ်တွင် ကြေးနီကား ယာဉ်တန်းကို လုံခြုံရေး ယူပေးနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၂၅

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ကြေးနီကား ယာဉ်တန်းကို လုံခြုံရေး ယူပေးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Peacock Drone Team-Myaung အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်း တလျောက်၌ ကြေးနီ ယာဉ်တန်းကို လုံခြုံရေး ယူပေးနေသော အကြမ်းဖက် စစ်တပ် ကင်းပုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၆ စီးဖြင့် ဗုံးသီး ၁၁ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးကာ စစ်တပ်ဘက်မှ ဆေးမှူး အပါအ၀င် ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“အဲတိုက်ခိုက်မှုက စစ်ခွေး ၁ ကောင်သေပြီး ၈ ကောင် ဒဏ်ရာရတယ်။ Drone ၂ စီး error ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်” ဟု Peacock Drone Team-Myaung အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Peacock Drone Team-Myaung ၊ M.D.F ကျားခင်စိန် ၊ စစ်ကိုင်းခရိုင် တပ်ရင်း (၁) တပ်ခွဲ့ (၃) ၊ Black Eagle (MMU) ၊ Myo Thar special people defence force ၊ Justice warrior force ၊ မိုင်းမင်းသား နှင့် Standard Revolution Force (SRF-MMU) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article