27 C
Yangon

မန္တလေးတွင် စသုံးလုံးက စစ်ဆေးလျက်ရှိသော ရွှေကုန်သည်တချို့ကို အမှုဖွင့်တရားစွဲ၊ အခေါက်ရွှေတစ်ကျပ်သား ၅၄ သိန်းကျပ်နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၅၅၀ စျေးပေါက်နေ

Must read

မန္တလေးတွင် စသုံးလုံးက စစ်ဆေးလျက်ရှိသော ရွှေကုန်သည်တချို့ကို အမှုဖွင့်တရားစွဲ၊ အခေါက်ရွှေတစ်ကျပ်သား ၅၄ သိန်းကျပ်နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၅၅၀ စျေးပေါက်နေ

ရန်ကုန်၊ ဇွန် ၂၆

မန္တလေးတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)က စစ်ဆေးလျက်ရှိသော ရွှေကုန်သည်တချို့ကို ရဲစခန်းတွင် အမှုဖွင့်ပြီး တရားစွဲဆိုရန်ရှိကြောင်း မန္တလေးရွှေကုန်သည်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရွှေစျေးနှုန်းများမြင့်တက်ခဲ့သော မေလနှောင်းပိုင်းနှင့် ဇွန်လဆန်းပိုင်းအတွင်း ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် စသုံးလုံးက ၁ လနီးပါးကြာ စစ်ဆေးခဲ့ရာမှ ယခုအခါ ရွှေကုန်သည်တချို့ကို အမှုဖွင့် တရားစွဲဆိုမှုများ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“မန္တလေးရွှေအသင်းဥက္ကဋ္ဌ ဦးသိန်းထွန်းနဲ့ ရွှေကုန်သည် ၄ ဦး စုစုပေါင်း ၅ ဦး အမှုဖွင့်ခံရတယ်လို့ ကြားတယ်။ ငွေကြေးမတည်မငြိမ်ဖြစ်အောင်နဲ့ လေပတ်ကား စျေးကစားအမှုအတွက် အမှုဖွင့်မယ်လို့ကြားတယ်။ စသုံးလုံး လက်ထဲမှာ ရွှေကုန်သည်တချို့ ကျန်နေသေးတယ်” ဟု မန္တလေးရွှေကုန်သည်က ပြောသည်။

ထို့ပြင် ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အတွင်းရေးမှူး ဦးဝင်းမြင့်တို့မှာလည်း စသုံးလုံး၏ ဖမ်းဆီးစစ်ဆေးမှုခံနေရပြီး ရွှေကုန်သည် ၂၀ ဦးထက်မနည်း ခေါ်ယူ စစ်ဆေးခံနေရကြောင်း၊ အခြား ရွှေကုန်သည် ၂၁ ဦးနှင့် ရွှေဆိုင်ပိုင်ရှင် ၁၀ ဦးမှာလည်း ၀ရမ်းထုတ်ခြင်းနှင့် ဖမ်းဆီးတရားစွဲဆိုခြင်းခံနေရကြောင်း သိရှိရသည်။

လက်ရှိတွင် ရွှေစျေးကွက်မှာ ပျက်စီးနေပြီး ယနေ့ အခေါက်ရွှေတစ်ကျပ်သား ၅၄ သိန်းကျပ်နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၅၅၀ စျေးပေါက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- မန္တလေးတွင် ရွှေလုပ်ငန်းရှင်အသင်းထံမှ ရွှေတိုးဝယ်ယူနေကြသူများ။ Photo- GNLM။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article