29 C
Yangon

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပါ ဝင်နေပြီး နောင်ချိုမြို့နှင့် ခမရ ၁၁၅ ကို သိမ်းပိုက်မှု၊ မိုးကုတ်၊ကျောက်မဲ၊ မတ္တရာတို့ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများတွင် ရှေ့တန်းမှ ပါဝင်

Must read

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပါ ဝင်နေပြီး နောင်ချိုမြို့နှင့် ခမရ ၁၁၅ ကို သိမ်းပိုက်မှု၊ မိုးကုတ်၊ကျောက်မဲ၊ မတ္တရာတို့ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများတွင် ရှေ့တန်းမှ ပါဝင်

ရန်ကုန်၊ ဇွန် ၂၆

မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(မန္တလေး) က ပါ ဝင်နေပြီး နောင်ချိုမြို့နှင့် ခမရ ၁၁၅ ကို သိမ်းပိုက်မှု၊ မိုးကုတ်၊ကျောက်မဲ၊ မတ္တရာတို့ရှိ ရှေ့တန်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုတို့တွင် ရှေ့တန်းမှ ပါဝင်နေကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(မန္တလေး)က တရားဝင်ကြေညာသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ညီနောင်မဟာမိတ်(၃)ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း”နှင့်အတူ စစ်ဆင်ရေးများကို ဟန်ချက်ညီညီ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် ကျောက်မဲ ၊ မိုးကုတ် ၊ နောင်ချို နှင့် မတ္တရာစစ်မျက်နှာများတွင် မဟာမိတ်များနှင့်လက်တွဲ၍ စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် နောင်ချိုမြို့နှင့် ခမရ ၁၁၅ တို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက အပြည့်အဝထိန်းချုပ်ထားပြီး လက်ကျန်တပ်စခန်းများဖြစ်သည့် ခမရ ၁၁၄ နှင့် ၆၀၆ အမြောက်တပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် မတ္တရာမြို့နယ်အတွင်းရှိ ပန်းသလဲတောင်စခန်း ၊ ကျောက်ကြမ်းတောင်စခန်းနှင့် ရေစိုတောင်စခန်းများကို သိမ်းပိုက်ရရှိထားပြီး အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ် အင်ကြင်းမြိုင်တပ်စခန်းကိုလည်း အပြီးသတ်ရရှိရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

မိုးကုတ်မြို့နှင့် ကျောက်မဲမြို့များကို မဟာမိတ်များနှင့်လက်တွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီစခန်းအများစုကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article