29 C
Yangon

မိုးကုတ်မြို့ကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ရမ်းသမ်း ပစ်ခတ် ဗုံးကျဲနေပြီး ပြည်သူများ ထိခိုက် သေဆုံးမှုရှိကာ နေအိမ်များ ပျက်စီး

Must read

မိုးကုတ်မြို့ကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ရမ်းသမ်း ပစ်ခတ် ဗုံးကျဲနေပြီး ပြည်သူများ ထိခိုက် သေဆုံးမှုရှိကာ နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇွန် ၂၇

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ရမ်းသမ်း ပစ်ခတ် ဗုံးကျဲနေပြီး ပြည်သူများ ထိခိုက် သေဆုံးမှုရှိကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ဝန်းကျင်တွင် မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်မြို့မရှိ အိမ် ၁ လုံးပေါ်သို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ကသဲရပ်ရှိ အမျိုးသမီး ၁ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

“မြို့သူမြို့သားတွေ ပြေးစရာမြေ မရှိတော့ဘူး။ ထွက်ပေါက်က တစ်လမ်းပဲရှိတာ။ မိုးကုတ်-မန္တလေး လမ်းတွေ ပိတ် စစ်ခွေးတွေက တံတားတွေချိုးထားတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထို့ပြင် မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကျပ်ပြင်စာသင်ကျောင်းရှေ့ တံတားပေါ်ကို လေယာဉ်ဖြင့် ဗုံးကျဲခဲ့သောကြောင့် နေအိမ်များ ပျက်စီးခဲကြောင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင်လည်း လက်နက်ကြီးကျကာ နေအိမ်များ ပျက်စီးဆုံးရှုံးမှု ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ရာသီဥတုက လုံးဝမကောင်းတော့ လေယာဉ်တွေက ထင်တိုင်းကျဲသွားတာ ထိချင်ရာထိ မြို့က တော်တော်လေးနာနေပြီဗျ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် မန္တလေး-မိုးကုတ် လမ်းပိုင်းသည် အတက်အဆင်း ပိတ်သွားပြီ ဖြစ်ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article