28 C
Yangon

ညောင်လေးပင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ညောင်လေးပင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၈

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း လှည့်နေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Royal Peacok Column ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၂၇ ရက် မွန်းတည့်ချိန်မှစ၍ ညောင်လေးပင်မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ များ စိုးမိုးထားရာ ကျေးရွာများကို စစ်ကြောင်းထိုလာသည့် အကြမ်းဖက်စစ်သားများကို ပိတ်ဆို့တိုက် ခိုက်ခဲ့ရာ တိုက်ပွဲ ငယ် ၂ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ် ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Royal Peacok Column -တော်ဝင်ဒေါင်းစစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့ များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၆၀ မမ၊ ၈၁ မမ လက် နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article