25 C
Yangon

တနင်္သာရီမြို့နယ်ရှိ စစ်တပ်၏ ပွိုင့် ၃၀၀၀ စခန်းကို KTLA ထီးဆဲမဲ့ရွာတပ်ရင်းက ၁၀ ရက်ကြာ ပိတ်ဆို့ထားပြီးနောက် စခန်းတွင်းရှိ စစ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေး

Must read

တနင်္သာရီမြို့နယ်ရှိ စစ်တပ်၏ ပွိုင့် ၃၀၀၀ စခန်းကို KTLA ထီးဆဲမဲ့ရွာတပ်ရင်းက ၁၀ ရက်ကြာ ပိတ်ဆို့ထားပြီးနောက် စခန်းတွင်းရှိ စစ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေး

ရန်ကုန်၊ ဇွန် ၂၉

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ပွိုင့် ၃၀၀၀ စခန်းကို ၁၀ ရက်ကြာ ပိတ်ဆို့ထားပြီးနောက် စခန်းတွင်းရှိ စစ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း KTLA ထီးဆဲမဲ့ရွာတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၈ ရက်နေ့မှစ၍ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ပွိုင့် ၃၀၀၀ စခန်းကို KTLA ထီးဆဲမဲ့ရွာတပ်ရင်းက စတင် ဝန်းရံပိတ်ဆို့ ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂၇ ရက်နေ့တွင် KTLA ထီးဆဲမဲ့ရွာတပ်ရင်းက ပွိုင့် ၃၀၀၀ စခန်းကို စစ်ကြောင်းထိုး၍ ဝင်ရောက်စဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သား အားလုံး စခန်းအတွင်းမရှိတော့ဘဲ ထွက်ပြေးသွားကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် တော်လှန်ရေး တပ်ဖွဲ့များက စခန်းအတွင်း ဝင်ရောက်ရှင်းလင်းရေး လုပ်ဆောင်နေပြီး စခန်းအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နေထိုင်ခဲ့သည့် အဆောက်အဦးနှင့် အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အဲစခန်းက စစ်ခွေးတွေ အကုန်လုံး မောတောင် ဘက်ကို ထွက်ပြေးသွားပြီး နယ်မြေ ရှင်းလင်းရေးတွေ ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု KTLA ထီးဆဲမဲ့ရွာတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ ပွိုင့် ၃၀၀၀ စခန်းသည် ခလရ ၁၀၁ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲနေထိုင်ခဲ့သော နေရာဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article