30 C
Yangon

မတ္တရာမြို့နယ်ရှိ စစ်တပ်ပိုင် Alpha ဘိလပ်မြေ စက်ရုံအနီးတွင် ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲနေ

Must read

မတ္တရာမြို့နယ်ရှိ စစ်တပ်ပိုင် Alpha ဘိလပ်မြေ စက်ရုံအနီးတွင် ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲနေ

■ တိုက်ပွဲအနီးရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ ဇွန် ၃၀

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ စစ်တပ်ပိုင် Alpha ဘိလပ်မြေ စက်ရုံအနီးတွင် ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၇ ရက်နေ့ကစတင်ကာ မတ္တရာမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်ပိုင် Alpha ဘိလပ်မြေ စက်ရုံအနီး ရွာစဉ်လှည့် မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းထိတွေ့တိုက်ပွဲများသည် ယနေ့ ဇွန်လ ၃၀ ရက်နေ့ထိ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲဖြစ်ပွားရာ နေရာများအပြင် ပြည်သူများ နေထိုင်သည့် ကျေးရွာများကို စစ်တပ်ပိုင် Alpha ဘိလပ်မြေ စက်ရုံ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ကျေးရွာနေပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ကျောက်တံတား၊ ထုံးဘို၊ အောင်သပြေနှင် အောင်ချမ်းသာ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများသည် အောင်သပြေကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“မတ္တရာ အရှေ့ဘက်ခြမ်း Alpha ဘိလပ်မြေ စက်ရုံဝန်းကျင်မှာ တိုက်ပွဲတွေ အပြင်းထန် ဖြစ်ပွားနေပါတယ်။ ၄ ရက်ရှိပြီး ဒီနေ့ထိ ပြင်းထန်နေတုန်းပဲ စက်ရုံအနီးက အောင်သပြေရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတယ်။ အထိခိုက် မသိရသေးပါဘူး။ စက်ရုံ ပတ်ဝန်းကျင်က ဒေသပြည်သူတွေ စစ်ဘေးရှောင်နေရပါတယ်။ စက်ရုံထဲက စစ်ခွေးတွေက တိုက်ပွဲ ဖြစ်ပွားရာနေရာတွေကို လက်နက်ကြီးနဲ့ ပစ်ကူပေးနေသလို ဒရုန်းတွေလဲ လွှတ်တင်တယ်။ ရဟတ်ယာဉ်တွေနဲ့လည်း လာပစ်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article