27 C
Yangon

လွိုင်ကော် -မိုးဗြဲ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ် ဒရုန်း ၁ စီးကို PDF တပ်ဖွဲ့များ ပစ်ချ

Must read

လွိုင်ကော် -မိုးဗြဲ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ် ဒရုန်း ၁ စီးကို PDF တပ်ဖွဲ့များ ပစ်ချ

ရန်ကုန်၊ ဇွန် ၃၀

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ် ၊ လွိုင်ကော် – မိုးဗြဲ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း သတင်းနှင့်ပြန်ကြားရေး ဌာနက တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁၀ ရက်နေ့တွင် ကရင်နီပြည်နယ်နှင့် ရှမ်း-ကယား နယ်စပ်ကို စစ်ကြောင်းထိုးလားသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ လွိုင်ကော် – မိုးဗြဲ လမ်းပိုင်းတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒရုန်း ၁ စီးကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း သိရှိရသည်။

“မြေပြင်တိုက်ပွဲတွေက အခုထိလည်း ဖြစ်နေတုန်းပဲ။ မငြိမ်သေးဘူး။ စစ်တပ်ဘက်က ဒရုန်းတွေနဲ့ တိုက်ခိုက်တာမျိုးတွေ တောက်လျှောက်လုပ်နေတာ။ ဇွန်လ ၁၀ ရက်နေ့က လွိုင်ကော် – မိုးဗြဲလမ်း ပိုင်း တိုက်ပွဲမှာတော့ စစ်တပ်ကဘက် ဒရုန်း ၁ စီးကို ပစ်ချနိုင်ခဲ့တယ်။ စစ်သားတွေလည်း ထိခိုက် သေဆုံးမှုတွေရှိခဲ့ပါတယ်” ဟု ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများသည် ယနေ့ ဇွန်လ ၃၀ ရက်နေ့ထိ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article