27 C
Yangon

မတူပီမြို့သိမ်း တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ချင်းညီနောင်စစ်ဆင်ရေး အဖွဲ့ ထုတ်ပြန်

Must read

မတူပီမြို့သိမ်း တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ချင်းညီနောင်စစ်ဆင်ရေး အဖွဲ့ ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁

ချင်ပြည်နယ်၊ မတူပီမြို့သိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ ချင်းညီနောင်စစ်ဆင်ရေး အဖွဲ့က ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

မတူပီမြို့သိမ်းတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ၏ မတူပီ အခြေစိုက်ဗျူဟာနှင့် ခမရ(၃၀၄)၊ ခလရ(၁၄၀)တို့မှ ဟောင်ဝှစ်ဇာအမြောက်၊ 14.5 ZPU လေယာဉ်ပစ်စက်သေနတ်ကြီး ၂ လက်၊ အခြားလက်နက်ကြီး လက်နက်ငယ်များနှင့်အတူ ခဲယမ်းမီးကျောက်အမြောက်အများကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖွဲ့က သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျန်ရှိနေသေးသော လက်နက်ခဲယမ်းများကိုလည်း ထပ်မံ ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖွဲ့က အသိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article