27 C
Yangon

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၉ ရက်မြောက်နေ့တွင် နောင်ချိုနှင့် မိုးမိတ် မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး TNAL က ထိုးစစ်ဆင် တိုက်ခိုက်နေ

Must read

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၉ ရက်မြောက်နေ့တွင် နောင်ချိုနှင့် မိုးမိတ် မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး TNAL က ထိုးစစ်ဆင် တိုက်ခိုက်နေ

ရန်ကုန်၊ ဇူလိုင် ၃

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တအာင်းတပ်တော် TNLA က ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၉ ရက်မြောက်နေ့တွင် နောင်ချိုနှင့် မိုးမိတ် မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် နောင်ချိုမြို၌ တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က ဘန့်ဘွေးရွာ ဒေသမှ ဒုံးတပ် (၆၀၆) တပ်စခန်းကို ဟောင်ဝှစ်ဇာ လက်နက်ကြီး အလုံး ၂၀ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အလားတူ မိုးမိတ်မြို့နယ်၌ ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ညောင်နီရွာ ဒေသ၌ တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များ တိုက်ပွဲ ဆက်လက် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး တအာင်းတပ်မတော် TNLA ၊ PDF – မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့က ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ရွှေသာယာတပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article