27 C
Yangon

စဉ့်ကူး၊ ရွှေပြည်ရွာရှိ ပျူစောထီး ခေါင်းဆောင် နေအိမ်ကို ဝင်ရောက် တိုက်ခိုက်မှု လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ မြိုင်ရှိ သရက်ကွ ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

စဉ့်ကူး၊ ရွှေပြည်ရွာရှိ ပျူစောထီး ခေါင်းဆောင် နေအိမ်ကို ဝင်ရောက် တိုက်ခိုက်မှု လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ မြိုင်ရှိ သရက်ကွ ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၄

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရွာရှိ ပျူစောထီး ခေါင်းဆောင် နေအိမ်ကို ဝင်ရောက် တိုက်ခိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင် ရွှေပြည်ရွာရှိ ပျူစောထီးခေါင်းဆောင် ညွန့်ဝေ နေအိမ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီး ခေါင်ဆောင် ညွန့်ဝေတို့ ထွက်ပြေး လွတ်မြောက်သွားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပျူစောထီး ခေါင်းဆောင် ညွန့်ဝေ နေအိမ်သည် ဘန်ကာများဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အခိုင်အမာ တပ်စွဲထားသော နေရာဖြစ်ပြီး ညွန့်ဝေ နေအိမ်ကို တော်လှန်ရေး တပ်ဖွဲ့များက မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

“ရွှေပြည်ရွာကို ပျူစောထီး ခေါင်းဆောင် ညွန့်ဝေ နေအိမ်လည်း ဝင်ရောက် စီးနင်းခံရပြီး စစ်ခွေးတွေနဲ့ ညွန့်ဝေကတော့ လွတ်သွားတယ်။ လက်နက်တွေ ရလိုက်တယ်။ အိမ်ကိုတော့ မီးရှို့ ရှင်းလင်းလိုက်ပြီး အဲအိမ်က ဘန်ကာတွေနဲ့ အသေအချာကို လုပ်ထားတာ” ဟု စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကွပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Ghost of Enemies – GOE Revolution Force တပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် သရက်ကွပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး ရှေ့တိုက်ဒုံး ၂၅ ​လုံးပစ်ခတ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် GOE ၊ ပကဖ ဗိုလ်မိုက်ခဲ ခွဲ ၄ ၊ မိုင်းတထောင် ဗိုလ်ပြောင် နှင့် ဦးလေးကြီး အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article