27 C
Yangon

မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်မှ စစ်တပ် လက်အောက်ခံ ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် မန္တလေး PDF သတိပေး

Must read

မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်မှ စစ်တပ် လက်အောက်ခံ ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် မန္တလေး PDF သတိပေး

ရန်ကုန်၊ ဇူလိုင် ၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်မှ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် မန္တလေး PDF က ယနေ့ ဇူလိုင်လ ၅ ရက်နေ့တွင် သတိပေး ထုတ်ပြန်လိုက်သည်။

မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး တပ်ဖွဲ့ဝင်များအနေဖြင့် လွဲမှားသော ယုံကြည်ချက်ကြောင့်ဖြစ်စေ၊ အဓမ္မတိုက်တွန်း စေခိုင်းခံရမှုကြောင့်ဖြစ်စေ ပြည်သူအပေါ်ကျူးလွန်နေသည့် ပြစ်မှုများကို ရပ်တန့်ပြီး ပြည်သူ့ရင်ခွင်ပြန်လည်ခိုလှုံရန် အကောင်းဆုံးနှင့် နောက်ဆုံးအခွင့် အရေး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့ရင်ခွင်ခိုလှုံမည့် သူများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ နွေးထွေးစွာကြိုဆိုသွားမည် ဖြစ်ပြီး လူ့ဂုဏ်သိက္ခာနှင့် အညီ ရှင်သန်နေထိုင်ခွင့်ရမည် ဖြစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် နိုင်ငံတကာစစ်ဥပဒေများနှင့်ကျင့်ဝတ်များကို လေးစားလိုက်နာ သော တပ်ဖွဲ့ဖြစ်သည်ကို အလေးအနက် သိစေအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပျူစောထီးများအနေဖြင့် မန္တလေး PDF ၏ တိုက်တွန်းချက်ကို လက်မခံဘဲ အကြမ်းဖက် စစ်ကောင်စီနှင့် ဆက်လက် ပူးပေါင်းနေမည်ဆို ပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များကဲ့သို့ တန်းတူသတ်မှတ်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပြတ်ပြတ်သားသား ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article