27 C
Yangon

မိုးမိတ်မြို့ပေါ်နှင့် လက်ခုပ်ပင်ရွာ အနီးတွင် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေ

Must read

မိုးမိတ်မြို့ပေါ်နှင့် လက်ခုပ်ပင်ရွာ အနီးတွင် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေ

ရန်ကုန်၊ ဇူလိုင် ၅

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ပေါ်နှင့် လက်ခုပ်ပင်ရွာ အနီးတွင် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက စတင်ကာ မိုးမိတ်မြို့ပေါ်နှင့် လက်ခုပ်ပင်ရွာ အနီးတွင် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများ ပြင်းထန်နေပြီး ပစ်ခတ်သံများ ဆက်တိုက်ကြားနေရကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“လက်ခုပ်ပင်ရွာနဲ့ နီးနီးလေး တိုက်ပွဲဖြစ်နေပါတယ်။ အခုထိ အရမ်းပစ်နေတာ စစ်ခွေးတွေက ရွာဘက်တွေကို မြို့ထဲမှာလည်း တိုက်ပွဲက ဖြစ်နေတယ်။ PLA ကားတွေတော့ ပြန်တတ်သွားတယ် အများကြီးပဲ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article