27 C
Yangon

စမ်းချောင်းမြို့နယ်တွင် စစ်တပ်အမာခံထောက်ခံသူ ၊ ကြံ့ဖွတ်ပါတီဝင် စစ်ကောင်စီခန့် ကျွန်းတောအလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်စိုး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး

Must read

စမ်းချောင်းမြို့နယ်တွင် စစ်တပ်အမာခံထောက်ခံသူ ၊ ကြံ့ဖွတ်ပါတီဝင် စစ်ကောင်စီခန့် ကျွန်းတောအလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်စိုး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၆

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် စစ်တပ်အမာခံထောက်ခံသူ ၊ ကြံ့ဖွတ်ပါတီဝင် စစ်ကောင်စီခန့် ကျွန်းတောအလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်စိုးသည် လက်ဖက်ရည်ဆိုင် ထိုင်သောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း စမ်းချောင်းမြို့နယ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၆ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းရှိ လက်ဖက်ရည်ဆိုင်တွင် စစ်တပ်အမာခံထောက်ခံသူ ၊ ကြံ့ဖွတ်ပါတီဝင် စစ်ကောင်စီခန့် ကျွန်းတောအလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်စိုးသည် တစ်ဦးတည်း လက်ဖက်ရည်သောက်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“ကျွန်းတော အလယ်ရပ်ကွက် အုပ်ကြီး ခင်စိုး (ခေါ်) စိုစိုးက ကြံ့ဖွတ်ပါတီဝင် ၊ စစ်တပ် အမာခံ။ အရင်က နှစ်လုံးထီ သုံးလုံးထီ ချဲရောင်းပြီး ရဲသတင်းပေးလုပ်နေတာ။ နောက်မှ အုပ်ကြီးဖြစ်လာတာ။ စစ်မှုထမ်းဥပဒေနဲ့ လူငယ်တွေကို စာရင်းသွင်းပြီး စစ်ထဲထည့်တာ၊ နောက်တစ်ခါ အလှူငွေ ကောက်တာ၊ တော်လှန်ရေးသမားနဲ့သပိတ်လူငယ်တွေကို စုံစမ်းတာတွေ လုပ်ခဲ့တဲ့သူပဲ။ အရမ်းဆိုးတဲ့သူပဲ” ဟု စမ်းချောင်းမှ ပြည်သူတစ်ဦးက ရှင်းပြသည်။

ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော FreeFreeland Attack Force (FLA) က စမ်းချောင်းမြို့နယ်၊ ကျွန်းလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ခင်စိုး ( ခေါ် ) စိုးစိုးကို ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကျွန်းတောအလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်စိုး ပစ်သတ်ခံရမှုအတွက် စစ်တပ်က စမ်းချာင်းမြို့နယ်အတွင်းတွင် စစ်ဆေး မွှေနှောက်ရှာဖွေနေပြီး နီးစပ်ရာ အိမ်များမှ CCTV များကိုလည်း လိုက်လံတောင်းခံနေကြောင်း၊ မသင်္ကာသော လူငယ်များကို ရိုက်နှက် ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article