28 C
Yangon

ရန်ကုန်တွင် 7 July အရေးအခင်း အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် “၇.၇.၆၂ – သွေးကြွေးပြန်ယူမယ်”၊ “စစ်အာဏာရှင်နိဂုံးချုပ်မှ 7 July အဖြစ်မျိုးလွတ်မယ်” စာတန်းများကို ချိတ်ဆွဲ

Must read

ရန်ကုန်တွင် 7 July အရေးအခင်း အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် “၇.၇.၆၂ – သွေးကြွေးပြန်ယူမယ်”၊ “စစ်အာဏာရှင်နိဂုံးချုပ်မှ 7 July အဖြစ်မျိုးလွတ်မယ်” စာတန်းများကို ချိတ်ဆွဲ

ရန်ကုန်၊ ဇူလိုင် ၇

ရန်ကုန်မြို့တွင် ၁၉၆၂ ခုနှစ် စစ်အာဏာရှင်က ကျောင်းသား များကို ပစ်ခတ်သတ်ဖြတ်ခဲ့သော 7 July အရေးအခင်းအထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် “၇.၇.၆၂ – သွေးကြွေးပြန်ယူမယ်”၊ “စစ်အာဏာရှင်နိဂုံးချုပ်မှ 7 July အဖြစ်မျိုးလွတ်မယ်” စာတန်းများကို ချိတ်ဆွဲကြကြောင်း သိရှိရသည်။

ယနေ့ ဇူလိုင်လ ၇ရက်၊ ရန်ကုန်မြို့တစ်နေရာတွင်Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF)၊ Owl Communityနှင့် LinnYoungNi Youth Association (LYNYA) ရန်ကုန်တော်လှန်ညီနောင်၄ဖွဲ့က ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “၇.၇.၆၂ – သွေးကြွေးပြန်ယူမယ်” စာတန်းများကို Shirtအင်္ကျီအဖြူများပေါ်တွင် ရေးဆွဲပုံဖေါ်ချိတ်ဆွဲပြီး အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်ပုန်ကန် လှုပ်ရှားမှုကို ပြုလုပ်ကြကြောင်း သိရှိရသည်။

“ဗမာပြည်စစ်အာဏာရှင်သမိုင်းမှာဘယ်တော့မှမမေ့နိုင်မယ့်နေ့။ ၁၉၆၂ ခုနှစ်မတ်လ၂ရက် နေ့မှာတရားဝင်စစ်အာဏာသိမ်းခဲ့တဲ့အာဏာရှင်ဗိုလ်နေဝင်းအစိုးရဟာ၁၉၆၂ ဇူလိုင်လ၇ရက်နေ့မှာစစ်အာဏာရှင်အစွယ်မည်းမည်းကိုထုတ်ပြခဲ့တဲ့ဖြစ်စဥ်ပါပဲ။ အဲဒီကစလူထုရဲ့အံတုမှုတခုကြုံရတိုင်းလက်နက်အားကိုးမတရားဖိနှိပ်ခဲ့ကြတာယနေ့တိုင်ပါ။ ၁၉၈၈ခုနှစ်အ ရေးတော်ပုံမှာတော့လူထုဟာအပြင်းအထန်တုံပြန်ခဲ့ကြပြီးအာဏာရှင်ကိုအံတုခဲ့ကြပေမယ့်ခေတ်အလိုအရအောင်မြင်မှုဆီမရောက်ခဲ့ကြတာကိုအကောင်းဆုံးသင်ခန်းစာရယူကြရင်း။၁၉၆၂၊၇၂၊၇၄၊၈၈၊၉၆၊၂၀၀၇စသဖြင့်မျိုးဆက်အဆင့်ဆင့်ဖြတ်သန်းစီးဆင်းခဲ့တဲ့သွေးတွေနဲ့၂၀၂၁ခုနှစ်မတရားအာဏာလုစစ်အစိုးရကိုတော့နောက်တကြိမ်ပြန်မလာနိုင်အောင်ယခင့်ယခင်ကနဲ့မတူ ပြည်သူလူထုတရပ်လုံးတုန့်ပြန်နေနိုင်ခဲ့ကြပါပြီ။ ပြည်သူတရပ်လုံးရဲ့ရည်မှန်းချက်၂၀၂၁နွေဦးပန်းတိုင်လှမ်းကိုင်ဖိုမဝေးတော့ပြီမို့၊လူထုကလည်း 7 JULY စိတ်ဓာတ်ဆွဲကိုင်၍စစ်သုံးစစ်အမြစ်ပြတ် ရေးဆက်လက်တိုက်ပွဲဝင်ရန် “သမိုင်းသစ်ကိုဖွင့်လှစ်ဖို့ 7JULY စိတ်ဓါတ်ကိုင်စွဲတိုင်ပွဲဝင်စို့” ဟု တော်လှန်ရေးအင်အားစုများက နှိုးဆော်တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article