26 C
Yangon

မတ္တရာမြို့နယ်၊ ရုံပင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

မတ္တရာမြို့နယ်၊ ရုံပင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၇

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရုံပင်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ Wetlet Informational Network က ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၃ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ အရှေ့ခြမ်း ရုံပင်ရွာကို တံတားဦးမှတက်လာသည့် အကြမ်းဖက် စစ်တပ်၏ J-fighter ၁ စီးက ပေါင် ၂၀၀ ဗုံးသီးနှင့် လေယာဉ်ပေါ်ပါ ‌စက်သေနတ်များဖြင့် ပစ်ခတ် ဗုံးကျဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ရုံပင်ရွာမှ အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦး‌ သေဆုံးပြီး အသက် ၃၀ အရွယ် ၊ အသက် ၂၀ အရွယ် ၊ အသက် ၁၁ အရွယ်နှင့် အသက် ၆ နှစ် အရွယ် ကလေးငယ် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article