24.4 C
Yangon

မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီကားများကို လုံခြုံရေး ယူပေးနေသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီကားများကို လုံခြုံရေး ယူပေးနေသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၇

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ကြေးနီကားများကို လုံခြုံရေး ယူပေးနေသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၇ ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းပိုင်းရှိ ခင်မွန်ရွာအနီးတွင် ကြေးနီကားများကို လုံခြုံရေးယူပေးပြီး ခရီးသွား ပြည်သူများထံမှ ခြိမ်းခြောက်ငွေတောင်းနေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး MA-1 သေနတ် ၁ လက်နှင့် MA-11 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် ၁၉၆၂ ခုနစ်၊ ၇ ဇူလိုင် ကျောင်းသားအရေးအခင်း၌ ကျောင်းသားများကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် စစ်အာဏာရှင်များကို လက်စားချေ စစ်ဆင်ရေး အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article