32 C
Yangon

ပုလဲမြို့မရဲစခန်းနှင့် စုပေါင်းရုံးကို ဝင်ရောက်တိုက်ခိုက်ပြီး ၂ နာရီကျော်ကြာ ထိန်းချုပ်ခဲ့ကာ စစ်တပ် လက် အောက်ခံ ပြည် သူ့စစ် ၂ ဦးအရှင်ဖမ်းဆီးရရှိ

Must read

ပုလဲမြို့မရဲစခန်းနှင့် စုပေါင်းရုံးကို ဝင်ရောက်တိုက်ခိုက်ပြီး ၂ နာရီကျော်ကြာ ထိန်းချုပ်ခဲ့ကာ စစ်တပ် လက် အောက်ခံ ပြည် သူ့စစ် ၂ ဦးအရှင်ဖမ်းဆီးရရှိ

ရန်ကုန်၊ ဇူလိုင် ၈

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် စုပေါင်းရုံးတို့ကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၂ နာရီကျော်ကြာ မြို့ကိုထိန်းချုပ်ခဲ့ကာ စစ်တပ် လက် အောက်ခံ ပြည်သူ့စစ် ၂ ဦးအရှင်ဖမ်းဆီးခဲ့ကြောင်း ABSDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၇ ရက် နေ့က ပုလဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်သား၊ ရဲများ တပ်စွဲနေထိုင်သော မြို့မရဲစခန်းနှင့် စုပေါင်းရုံးတို့ကို တပြိုင်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲ ၃ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် ဘန်ကာအချို့ကို သိမ်း ပိုက်နိုင်ခဲ့ကာ ပုလဲမြို့ကို ၂ နာရီကျော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း သိရသည်။

“7 July နေ့ အထိမ်းအမှတ် အနေနဲ့ ဝင်တိုက်တယ်။ သေဆုံးထိခိုက်မှုနောက်ဆက်တွဲတော့ မကြား ရသေးဘူး။ ၂ ဦးဖမ်းမိတာပဲ သတင်းရသေးတယ်။ ကျနော်တို့ဘက်က ရဲဘော်တွေအားလုံး အထိ အခိုက်မရှိခဲ့ပါဘူး” ဟု ABSDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ထိုသို့ စီးနင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပြည်သူ့ စစ်တပ်ဖွဲ့ဝင် ၂ ဦးကို အရှင်ဖမ်းမိခဲ့ပြီး ၎င်းတို့ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ -ပအဖ ထံလွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အနောက် မြောက်စစ်ဒေသ-အမှတ် ၈၁၅ တပ်ဖွဲ့ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)-Column 3 တပ်ရင်း ၁၄ (ချင်းတွင်းဒေသ)၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ် တပ်ဦး (BLDF)၊ ဒေါင်းနက်- နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့နှင့် ရပ်ရွာတော်လှန်ရေးတပ်ဖွဲ့ဝင်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ- ABSDF-Column 3 မှ တော်လှန်ရေးရဲဘော်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article