၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း နှင့် ရှမ်းမန်း စစ်ဆင်ရေးတွင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမှ PDF တပ်ရင်းများ ပါဝင် တိုက်ခိုက်နေပြီး စစ်ရေး အောင်ပွဲများ ရရှိနေ
ရန်ကုန်၊ ဇူလိုင် ၉
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း နှင့် ရှမ်းမန်း စစ်ဆင်ရေးတွင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမှ PDF တပ်ရင်းများ ပါဝင် တိုက်ခိုက်နေပြီး စစ်ရေး အောင်ပွဲများ ရရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း၌ စုဖွဲ့ထားသော ဗျူဟာများ၊ တပ်ရင်းများ ၁၀၂၇ စစ်ဆင်ရေး (ဒုတိယပိုင်း) နှင့် ရှမ်းမန်း စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဗျုဟာ နှင့် တပ်ရင်းများမှာ ဗျုဟာ (၅၂) ၊ ရွှေဘိုခရိုင် တပ်ရင်း ၇ ၊ ရွှေဘိုခရိုင် တပ်ရင်း ၁၀ ၊ ရွှေဘိုခရိုင် တပ်ရင်း ၁၆ ၊ ဗျူဟာ (၅၅) ၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅ ၊ ရွှေဘိုခရိုင် တပ်ရင်း ၁၈ ၊ ရွှေဘိုခရိုင် တပ်ရင်း ၂၃ ၊ ရွှေဘိုခရိုင် တပ်ရင်း ၂၆ နှင့် ညောင်ဦးခရိုင် တပ်ရင်း ၃ တို့ ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) ၊ မိုးကုတ် ဗျူဟာ တပ်ရင်း (၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄)၊ အမှတ် (၅၁၃) တပ်ရင်း၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေး တပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ မိုးကုတ်မြို့နယ် ပကဖ၊ မတ္တရာမြို့နယ် ပကဖ နှင့် သက်ဆိုင်ရာ ပကဖအဖွဲ့ တို့လည်း ပါဝင်တိုက်ခိုက်လျက်ရှိကာ စစ်ရေးအောင်ပွဲများ ရရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။