25 C
Yangon

ကျောက်မဲမြို့တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၁၆ ဦး အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူများနှင့် နေအိမ်ဖောက်ထွင်းသူများကို TNLA က ဖမ်းဆီး

Must read

ကျောက်မဲမြို့တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၁၆ ဦး အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူများနှင့် နေအိမ်ဖောက်ထွင်းသူများကို TNLA က ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင် ၁၁

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် အကြမ်းဖက် စစ်တပ်ထံ သတင်းပေးနေသူ ၁၆ ဦး အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူများနှင့် နေအိမ်ဖောက်ထွင်းသူများကို ဖမ်းဆီးရမိခဲ့ကြောင်း TNLA က ပြောဆိုသည်။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အတွင်း ကျောက်မဲမြို့တွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေး အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲနေသူ၊ တရားမဝင် လက်နက်ကိုင်ဆောင်သူ၊ မူးယစ်ရမ်းကားသူနှင့် နေအိမ်ဖောက်ထွင်းသူ တရားခံ ၁၈၀ ဦးကို PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများထဲတွင် မူးယစ်ဆေးဝါးသုံးစွဲနေသ အမျိုးသား ၁၄၆ ဦး၊ အမျိုးသမီး ၁၁ ဦးနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြောင်း၊ ၎င်းတို့သည် အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြို့အတွင်း တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန်နှင့် စစ်တပ်ကို သတင်းပေးရန် စစ်ကောင်စီမှ ပြန်လွှတ်ပေးခဲ့သည့် ယခင်က မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ထောင်ကျခဲ့ဖူးသူများဖြစ်ကြောင်း သိရှိရသည်။

TNLA သည် ကျောက်မဲမြို့အနီးထိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်လုပ်ဆောင်လာမှုကြောင့် ထိုဒေသရှိ မူးယစ်ဆေးဝါး သုံးစွဲနေသူများ အနေ​ဖြင့် စစ်ကောင်စီ ထိန်းချုပ်သည့် ကျောက်မဲမြို့တွင်းကို ထွက်ပြေးခိုအောင်းခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားမှုကို အခွင့်ကောင်းယူကာ နေအိမ်များ ပိတ်ထားပြီး စစ်ဘေးရှောင်နေသည့် ​ပြည်သူလူထုများ၏ နေအိမ်များကို ဖောက်ထွင်းခြင်း၊ တန်ဖိုးရှိ ပစ္စည်းများ ခိုးယူနေသူ ၂ ဦးနှင့် စစ်ကောင်စီ အမှတ်အသားပါ လက်နက်ငယ်ကိုင်ဆောင်သူ ၁ ဦး၊ မြို့အတွင်း မူးယစ်ရမ်းကားသူ ၂ ဦးတို့ကိုလည်း တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က လိုက်လံ ကင်းလှည့်နေချိန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ တိုက်ပွဲအတွင်း PSLF/TNLA နှင့် ပူးပေါင်းတပ်တို့၏ သွားလာလှုပ်ရှားမှုများကို စစ်ကောင်စီတပ်အား သတင်းပေးသူ ၁၆ဦးတို့ကိုလည်း ဖမ်းဆီးရမိထားခဲ့ကြောင်း၊ ၎င်းတို့ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သည့် စစ်ဆေး ဆောင်ရွက်မှုများနှင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article