29 C
Yangon

နောင်ချို ဂုတ်တွင်းအနီး တဝိုက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

နောင်ချို ဂုတ်တွင်းအနီး တဝိုက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁၁

ရှမ်းပြည်နယ်၊ နောင်ချိုမြိူ့နယ် ဂုတ်တွင်းအနီး တဝိုက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း TNLA က ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် နောင်ချိုမြို့နယ် ဂုတ်တွင်းအနီးတဝိုက်တွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် ပူးပေါင်းတပ်ဖွဲတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာကို စစ်တပ်က Jet Fighter ဖြင့် ၁ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ဂုတ်ထိပ်တွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA + MDY PDF ပူးပေါင်းတပ်ဖွဲတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် တန့်ယန်းမြို့နယ် နားဆောင်ရွာအနီးတဝိုတ်တွင်လည်း တအာင်းတပ်မတော် TNLA က အကြမ်းဖက် စစ်တပ်၏ မန်ကတ်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကျောက်မဲမြို့နယ်၊ ဟူးကွတ်ရွာကို အကြမ်းဖက် စစ်တပ်၏ ၅၀၁ တပ်စခန်းက အတွဲလိုက်ဒုံးများဖြင့် ၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article