25 C
Yangon

KNU ထိန်းချုပ် နယ်မြေတွင် ၆ လတာ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၉၀၃ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၈၁ ဦး ကျဆုံး

Must read

KNU ထိန်းချုပ် နယ်မြေတွင် ၆ လတာ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၉၀၃ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၈၁ ဦး ကျဆုံး

ရန်ကုန်၊ ဇူလိုင် ၁၂

KNU ထိန်းချုပ် နယ်မြေတွင် ၆ လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၉၀၃ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

၂၀၂၄ ခုနှစ် ပထမ ၆ လတာ တိုက်ပွဲများအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၉၀၃ ဦး သေဆုံးပြီး ၁၂၇၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများသည် ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေများအတွင်းကို အကြမ်းဖက် စစ်တပ်က ကျူးကျော် ဝင်ရောက် တပ်စွဲထားခြင်းကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲကြီး တိုက်ပွဲငယ် စုစုပေါင်း ၁၈၂၇ ပွဲခန့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယင်း ထိတွေ့ တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ၈၁ ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး ၂၉၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article