29 C
Yangon

မိုးမိတ်မြို့ တောင်ကိုင်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ဖျက်ဆီး

Must read

မိုးမိတ်မြို့ တောင်ကိုင်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၁၃

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ရှိ တောင်ကိုင် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင် ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မိုးမိတ်မြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၆၀ ကျဲချ တိုက်ခိုက်ခဲ့ပြီး တောင်ကိုင် ဘုန်းကြီးကျောင်းကို ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး ဆွမ်းစားဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“လက်နက်ကြီးတွေ ပစ်ပြီးတော့ လေယာဉ် Y12 ခေါ်ပြီး ဗုံးသီးတွေ ၆၀ လောက်ရှိတယ်ဗျာ။ မိုးမိတ်မြို့ထဲ အရင်ချတာပါ” ဟု တော်လှန်ရေးထောက်ပို့တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ တောင်ကိုင်ဘုန်းကြီးကျောင်းသည် ယခင်က အကြမ်းဖက် စစ်သားများ ဝင်ရောက်တပ်စွဲခဲ့သည့် နေရာဖြစ်ပြီး ကျောင်းတွင် နေထိုင်သည့် ဆရာတော်များသည်လည်း စစ်ဘေရှောင်တိမ်းသွားကြသည့်အတွက် ထိခိုက်သူ မရှိကြောင်း သိရှိရသည်။

ယနေ့ ဇူလိုင် ၁၃ ရက်နေ့တွင်လည်း မိုးမိတ်မြို့တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

Photo – အကြမ်းဖက် စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article