26 C
Yangon

Breaking News- အမေရိကန်သမ္မတဟောင်းနှင့် သမ္မတလောင်း ထရမ့် မဲဆွယ်စည်းရုံးနေစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး မျက်နှာပေါ် သွေးစတချို့ရှိနေသည့် ထရမ့်ကို လုံခြုံရေးတာဝန်ရှိသူများက ကာကွယ်ခေါ်ဆောင်သွား၊ သမ္မဟောင်း ထရမ့် ဘေးကင်းလုံခြုံပြီး ပစ်ခတ်သူကို အသေဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

အမေရိကန်သမ္မတလောင်း ထရမ့် မဲဆွယ်စည်းရုံးနေစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး မျက်နှာပေါ် သွေးစတချို့ရှိနေသည့် ထရမ့်ကို လုံခြုံရေးတာဝန်ရှိသူများက ကာကွယ်ခေါ်ဆောင်သွားကာ ထရမ့်မှာ လတ်တလောဘေးကင်းလုံခြုံကြောင်း သိရှိရသည်။

အမေရိကန်သမ္မတလောင်း Trump က Pennsylvania ပြည်နယ် Butler တွင် ယနေ့ အမေရိကန်ဒေသစံတော်ချိန် ညနေ ၆ နာရီ ရွေးကောက်ပွဲ စည်းရုံးရေးနေစဉ် သေနတ်သံကြားရပြီး ထရမ့်၏ မျက်နှာပေါ်တွင် သွေးစတချို့ မြင်ရကြောင်း၊ လုံခြုံရေးများက သမ္မတလောင်းထရမ့်ကို အကာအကွယ်ပေးခေါ်ဆောင်သွားကြပြီး သမ္မတလောင်း ဘေးကင်းလုံခြုံကြောင်း သိရှိရသည်။

သမ္မတဟောင်း Donald Trump ဘေးကင်းလုံခြုံစွာနေကြောင်း အမေရိကန် လုံခြုံရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး သမ္မတလောင်း ထရမ့်၏ ရွေးကောက်ပွဲ စည်းရုံးရေးပွဲအပေါ် တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အမေရိကန်ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန် နှစ်ဖက်စလုံးက နိုင်ငံရေး အကြမ်းဖက်မှုအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်နေကြသည်။

ယခုနောက်ဆုံး ဝင်ရောက်လာသော သတင်းများအရ သမ္မတဟောင်း ထရမ့်ကို ပစ်ခတ်သူကို အသေဖမ်းဆီးရရှိပြီး ပွဲတက်ရောက်လာသူတစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

Photo Credit- CNN

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article