25 C
Yangon

စစ်တပ် ထောက်ခံသော လူရွှင်တော် ဒိန်းဒေါင်နှင့် အဖွဲ့ကို စစ်ကောင်စီက နေပြည်တော်တွင် မြေကွက်များ ထပ်မံချထားပေး၊ မြေကွက်မရသော ဟာသဇတ်ပို့အမျိုးသမီးတစ်ဦးက တိုင်တန်းမှုရှိ

Must read

စစ်တပ် ထောက်ခံသော လူရွှင်တော် ဒိန်းဒေါင်နှင့် အဖွဲ့ကို စစ်ကောင်စီက နေပြည်တော်တွင် မြေကွက်များ ထပ်မံချထားပေး၊ မြေကွက်မရသော ဟာသဇတ်ပို့အမျိုးသမီးတစ်ဦးက တိုင်တန်းမှုရှိ

ရန်ကုန်၊ ဇူလိုင် ၁၅

အကြမ်းဖက်စစ်တပ်ကို ထောက်ခံသော လူရွှင်တော်ဒိန်းဒေါင်နှင့်အဖွဲ့ကို စစ်ကောင်စီက နေပြည်တော်တွင် မြေကွက်များချထားပေးကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံသော လူရွှင်တော်ဒိန်းဒေါင်က ၂၀၀၉ ခုနှစ်တွင် ၎င်းထူထောင်ခဲ့သော မြန်မာနိုင်ငံဟာသပညာရှင်များအစည်း အရုံး (ဗဟို)ကို စစ်တပ်နှင့်ပတ်သက်သော ပွဲလမ်းသဘင်များတွင် ဖြေဖျော်ခြင်း၊ စစ်ခေါင်းဆောင် နှင့်စစ်ဗိုလ်ချုပ်များကို ဖြေဖျော်ခြင်း၊ နယ်လှည့်၍ တပ်များအတွင်း လိုက်လံ ဖျော်ဖြေခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

အကြမ်းဖက်စစ်ကောင်စီကို အလွန်ထောက်ခံနေမှုကြောင့် ၂၀၂၃ ခုနှစ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဟာသ ပညာရှင်များ ရွာတည်ရန် မြေ ၅ ဧက ခွင့်ပြုချပေးခဲ့သည့်အပြင် ငွေကျပ်သိန်း ၁၀၀၀ မတည် ပေးခဲ့ကြောင်း၊ ယခု ၂၀၂၄ ခုနှစ်တွင်မူ နေပြည်တော်တွင် မြေကွက်များ ထပ်မံချထားပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒိန်းဒေါင်နဲ့ လူရွှင်တော်တွေကို နေပြည်တော်မှာ မြေကွက်တွေချပေးတယ်။ အဲဒီမှာ တပ်ပွဲတွေမှာပါပြီးတော့ မြေ ကွက်မရလို့ နာမည်ရ ဟာသဇတ်ပို့ အမျိုးသမီးတစ်ဦးကနေ တိုင်တန်းမှုတွေရှိတယ်။ အခွင့်အရေးတစ်ရပ်အနေနဲ့ မြေ ကွက် တွေ ချပေးတာပါ” ဟု နေပြည်တော်စည်ပင်သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် စစ်တပ်ကို ထောက်ခံသော ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်တချို့ကိုလည်း စစ်ကောင်စီက ဌာနဆိုင်ရာလုပ်ငန်း တင်ဒါလုပ်ပိုင်ခွင့်တချို့ ချထားပေးမှုများရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- လွန်ခဲ့သော ရက်ပိုင်းအတွင်း ဟာသအဖွဲ့၏ အခမ်းအနားပွဲတစ်ခုကို နေပြည်တော်ပြုလုပ်စဉ် တက်ရောက်ခဲ့သော အကြမ်းဖက် ဇော်မင်းထွန်းနှင့် အကြမ်းဖက် စစ်တပ် ထောက်ခံသော ဒိန်းဒေါင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article