26 C
Yangon

မတ္တရာမြို့နယ်ရှိ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်း နှင့် တောင်တံငါ တပ်စခန်းကို မန္တလေး PDF က ထပ်မံ တိုက်ခိုက်သိမ်း၊ စစ်သားအလောင်းနှင့် လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

မတ္တရာမြို့နယ်ရှိ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်း နှင့် တောင်တံငါ တပ်စခန်းကို မန္တလေး PDF က ထပ်မံ တိုက်ခိုက်သိမ်း၊ စစ်သားအလောင်းနှင့် လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၁၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော Alpha ဘိလပ်မြေစက်ရုံ တပ်စခန်း နှင့် တောင်တံငါ တပ်စခန်းကို မန္တလေး PDF က ထပ်မံ တိုက်ခိုက်သိမ်းလိုက်ပြီး စစ်သားအလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မန္တလေး PDF က ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် မတ္တရာမြို့နယ်ရှိ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းနှင့် တောင်တံငါ တပ်စခန်းတို့ကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး လက်ရှိချိန်တွင် မတ္တရာမြို့နယ်အတွင်း တပ်စခန်း စုစုပေါင်း ၂၈ ခုထိ သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မတ္တရာမြို့နယ်အတွင်းရှိ ကျောက်တံတား တပ်စခန်းတွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိပြီး အပြီးသတ် သိမ်းပိုက်ရရှိရန် လုပ်ဆောင်လျက်ရှိကြောင်း၊ မတ္တရာ စစ်ဆင်ရေးများတွင် အကြမ်းဖက် စစ်တပ်ထံမှ လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများလည်း ထပ်မံ သိမ်းဆည်းရရှိထားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းမှ ဆုတ်ခွာပြေးရာတွင် စက်ရုံအဆောက်အဦးများကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article