29 C
Yangon

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၃ ဦး သေဆုံးပြီး အရာရှိ ၁ ဦး ပြင်းထန်ဒဏ်ရာ

Must read

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၃ ဦး သေဆုံးပြီး အရာရှိ ၁ ဦး ပြင်းထန်ဒဏ်ရာ

ရန်ကုန်၊ ဇူလိုင် ၁၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး အရာရှိ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တပ်ဖွဲ့ ၁ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံ – ရဲဘော်ကိန်း က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အင်အား ၁၃၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး အရာရှိ ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲသည် ၁၀ မိနစ်ခန့် ကြားမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ၈၁ မမ ၊ ၁၂၀ မမ လက်နက်ကြီး ၇ လုံးထက်မနည်း ပစ်ခတ်ခဲ့ပြီး သိမ်ဇရပ် ၂၀၇ တပ်ရင်းရှိ လက်နက်ကြီးကုန်းကလည်း ပစ်ကူပေး တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးအနားရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို လုယက် ယူဆောင်သွားပြီး ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

“တပ်မဟာ ၁ နယ်မြေထဲ စစ်ကြောင်းထိုးလာတဲ့ စကစ ရဲ့ အင်အား ၁၃၀ ခန့်ပါ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တာပါ။ ကျွန်တော်တို့က စောင့်ကြို တိုက်ခိုက်ခဲ့တာ ၁၀ မိနစ်လောက် ထိတွေ့ တိုက်ပွဲဖြစ်တယ်။၃ ကောင်လောက်သေပြီး ဗိုလ် အဆင့် ၁ ဦး ဒဏ်ရာရတယ်။ တိုက်ပွဲ အပြီး အနီးက ကျေးရွာထဲကို သူတို့ဝင်တယ်။ ဆေးကုထားတဲ့ ပုံစံတွေ တွေ့ရတယ်။ စျေးဆိုင်တွေ အိမ်တွေကို မွှေနှောက်ပြီး ပစ္စည်းတချို့ ယူထားတာ မျိုးတွေ့တယ်။ ၁၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် ခန့်ကတော့ အဲ့ရွာထဲကနေ ပြန်ထွက်သွားပါတယ်။ ဒီမနက်မှာ စစ်ခွေးတွေ ထွက်သွားတော့ တိုက်ပွဲဖြစ်တဲ့နား နယ်မြေရှင်းလင်းတဲ့အခါ စစ်တပ်သုံး အီနာဂါတစ်လုံး သိမ်းဆည်းရမိပါတယ်။ အဲ့အနီး စစ်ခွေးတွေရဲ့ ဘောင်းဘီတို့ အလောင်းဆွဲတဲ့ အရာတို့ တွေ့ရပါတယ်” ဟု ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တပ်ဖွဲ့ ၁ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံ – ရဲဘော်ကိန်း က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျေးနယ် ကာကွယ်ရေးတပ်ဖွဲ့နှင့် ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ သုံးခွမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ တိုက်ခိုက်ရေးလူငယ်များဖြင့် ပူးပေါင်း ဖွဲ့စည်းထားသည့် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တပ်ဖွဲ့ ၁ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article